နတ်မောက်မြို့နယ်တွင် Documentary ရိုက်ကူးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက်  နိုဝင်ဘာလ ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ အထင်ကရဖြစ်သည့် နေရာများအား Documentary  ရိုက်ကူးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။                        

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများမှ အထင်ကရဖြစ်သည့် နေရာများ၊ စိုက်ပျိုးရေးတွင် စပါး၊ နေကြာ၊ ဝါ၊ တစ်အုပ်တစ်မဖြစ်သည့် သစ်တောစိုက်ခင်းများ၊ ကျေးလက်လမ်း ဆက်သွယ်မှုများ၊ ဆည်ငယ်၊ ကန်ငယ်များ၊ အခြေခံပညာရေးကျောင်းများ၏  ဖွံ့ဖြိုးတိုးတက်မှုစသည့် လုပ်ဆောင်ချက်များကို ရိုက်ကူးရေးတွင် ထည့်သွင်းပေါင်းစပ် လုပ်ဆောင်ရမည့် အကြောင်းအရာများကိုနှင့် ရိုက်ကူးရေးလုပ်ငန်းများကို နိုဝင်ဘာလဒုတိယပတ်တွင် စတင်မည်ဖြစ်ကြောင် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လှဝင်း