နတ်တလင်းမြို့နယ်၌ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ

နတ်တလင်း နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဗုဒ္ဓမြတ်စွယ်တော်နှင့် ဓာတ်တော်များအား ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဗုဒ္ဓမြတ်စွယ်တော်တိုက်အားဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်နှင့် ဓါတ်တော်များအား ဗုဒ္ဓမြတ်စွယ်တော်တိုက်အတွင်းမှ ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုနှင့်တာဝန်ရှိသူများမှ ဂန္နကုဋိတိုက်တော်အတွင်းသို့ ပင့်ဆောင်ကာ ဩဝါဒစရိယဆရာတော်ကြီးများမှ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ မြို့နယ်သံဃာ့နာယက ဆရာတော်ဘဒ္ဒန္တဇဋိလထံမှ တက်ရောက်လာကြသောပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်၍ မြတ်စွယ်တော်အား အလှူရှင်များမှ ရတနာပစ္စည်းများ လှူဒါန်းခဲ့သည်။

ထို့နောက် နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူကြီးမောင်မောင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ကျော်ဦး နှင့်အဖွဲ့ဝင်များ၊ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များမှ ဗုဒ္ဓမြတ်စွယ်တော်နှင့် ဓာတ်တော်များအားပင့်ဆောင်၍ ဂန္နကုဋိတိုက်တော်ကြီးအား လက်ယာရစ်(၃)ပါတ်လှည့်လှည်၍ အပူဇော်ခံကာ ရွှေကျောင်းဆောင်ထက်သို့ ပင့်ဆောင်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်နှင့် ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေထက်လင်း စေသော် (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အဆိုပါ အပူဇော်ခံပွဲအား နိုဝင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ နေ့စဉ် နံနက် ၇ နာရီချိန်မှ ည ၇ နာရီချိန်ထိ အပူဇော်ခံရွှေကျောင်းဆောင်တွင် အပူဇော်ခံထားရှိမည်ဖြစ်ကြောင်းသိရပြီး သကျမဟာမြတ်မုနိဘုရာကြီးတွင် ဆီမီးတစ်ထောင်လှူဒါန်းပူဇော်ပွဲအား တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး