သတင်းများ

ကျောက်မဲမြို့တွင် ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္စျာယ်
Apr 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ(၁၇) ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်မှစ၍ မြို့နယ်သံဃာ့နာယက ဆရာတော်ဦးဆောင်သည့် သံဃာတော် ၁၀ ပါးတို့သည် မြို့တွင်း ၉ ရပ်ကွက်သို့ ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ ပရိတ်ရေ ၊ ပရိတ်သဲ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အသားချောင်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ တားမြစ် အစားအစာများကို စားသုံးမိလျှင် ကျန်းမာရေးအန္တရာယ်ထိခိုက်နိုင်သဖြင့်   စားသုံးမှုမရှိ‌ကြစေရေးအတွက်  ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ သံဃာတော်များအား စုပေါင်းပူဇော်ကန်တော့
Apr 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၈၈ ကျောင်းမှ သံဃာတော်များအား စုပေါင်းပူဇော်ကန်တော့ပွဲကို ယမန်နေ့တွင် ကျင်းပကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေရေးရာဆွေးနွေးပွဲကျင်းပ
Apr 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) ၏ စာပေရေးရာဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကြက်သွန်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးထားသည့် ကြက်တူရွေးပဲသီးများ ဈေးကောင်းရ
Apr 19,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ ကြက်သွန်စိုက်ပျိုးချိန်က သီးထပ်သီးညှပ်စိုက်ပျိုးထားသော ကြက်တူရွေးပဲသီးများ‌ပေါ်ချိန် ဈေးကောင်းရရှိနေခြင်းကြောင့် ကြက်သွန်ခင်းများအတွင်း သီးထပ်သီးညှပ် ကြက်တူရွေး ပဲစိုက် တောင်သူများတွက် ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်က ပြောကြားသည်။
နမ္မတူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Apr 19,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေ ကောင်းများကို လေ့လာရှာမှီးတတ်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မြို့အဝင်အ ထွက်ဂိတ်များတွင်စစ်ဆေးထိုးနှံ
Apr 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က စတင်ပြီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် ညှိနှိုင်းဆွေးနွေး
Apr 19,2022
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ခရိုင်၊ မြို့နယ် အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ဦးရေ၏ ၆၆.၄၆ ရာခိုင်နှုန်း ထိုးနှံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။