ဟိုင်းကြီးကျွန်းမြို့၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံလုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများထံသို့ ငါးမျိုးစုံအားပေးဝေလှူဒါန်း

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ စားဝတ်နေရေးသက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသခံကမ်းဝေး၊ ကမ်းနီး၊ ၀ယ်/စုဒိုင်လုပ်ငန်းရှင်များမှ ပြည်သူများထံသို့ ငါးမျိုးစုံကုန်ချိန်(၁၀၀)ပိဿာကို အိမ်ထောင်စုတစ်စုလျှင်(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု (၂၀၀)အား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ်(၂)ရပ်ကွက်စျေး၌ အခမဲ့ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးဝေလှူဒါန်းခြင်းအစီအစဉ်သို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အလှူရှင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး သဒ္ဒါတရားထက်သန်စွာဖြင့် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်