မိုင်းကိုင်မြိုနယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိုင်းကိုင် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းရည်မြှင့်မား တိုးတက်စေရေးအတွက် မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(မိုင်းကိုင်)၊ မြတ်သီရီခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုက ကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၏ စီမံခန့်ခွဲ့မှုသည် အရေးကြီးကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက် မှန်ကန်မှု၊ ကြိုးစားအားထုတ်မှုများ ပေါင်းစပ်နိုင်မှသာ ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ အလုပ်တာဝန်နှင့် စည်းကမ်းများကို တန်ဖိုးထားလေးစားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ  အရည်အချင်းပြည့်ဝသည့် လမ်းပြကြယ်များ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြား၍  အလုပ်ရုံဆွေးနွေးပွဲကို  ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်ဦးဆောင်မှုဖြင့်  စီမံခန့်ခွဲမှုပညာရပ်၊ ဘဏ္ဍာရေး၊ ပညာရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းတို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး မိုင်းကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၂၂ ကျောင်းမှ  ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ် ဆရာ၊ဆရာမ (၁၂၅)ဦးတို့ က တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်