ညောင်လေးပင်နိုဝင်ဘာ၆
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စာဖတ်ခြင်း အလေ့ပိုမိုတိုးတက်လာစေရန်နှင့် စာဖတ်စွမ်းရည်များ ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကလေးသူငယ် ပပျောက်ရေးအတွက် အသိပညာပေး နှိုးဆော်ထားသော စာသားများ ပါဝင်သည့် နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင် ပြသထားမှုများအား ကျောင်းသား ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)