ကန်ကြီးထောင့် နို၀င်ဘာ ၆
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်ထွေအုပ်ရုံးဝန်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အုပ်စု(က)နှင့်(ခ)တွင် ဝန်ထမ်းများ အုပ်ချုပ်ရေးမှူးများပါဝင်သော အသင်း(၈)သင်းနှင့် နိုဝင်ဘာလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အခြားအားကစားပြိုင်ပွဲများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအား နိုဝင်ဘာလ(၇)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဧရာသီရိသုခခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ထမ်းများအား ကံစမ်းမဲများဖောက်ပေးခြင်းနှင့် ဆုပစ္စည်းများ၊ ငွေသားများချီးမြှင့်ခြင်းများ၊ ပျော်ပွဲရွှင်ပွဲများ ဆောင်ရွတ်သွားမှာဖြစ်ကြောင်း သိရှိရသည်။
မဇင်