(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကော့သောင်း နို၀င်ဘာ ၆

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူလေးများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊  တွေးတောဆင်ခြင်ကြံဆမှုနှင့် တီထွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ကာယစွည်းရည် ပြိုင်ပွဲများ အား   လူငယ်လူရွယ် ကလေးဘဝမှ စတင်ကာ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွက်လာရေးနှင့် အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ ရည်ရွယ်၍  ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)