ခန္တီးမြို့တွင် ဒုတိယအကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အခမ်းအနားပြုလုပ်

ခန္တီး နိုဝင်ဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဒုတိယအကြိမ်မြောက် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာလ(၆)ရက် နံနက်(၈)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ် ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မကျန်ခ ဆရာတော် အဂ္ဂမဟာသဒ္ဒမဇောတိက ဓဇဘဒ္ဒန္တဥတ္တရ ထံမှ(၅)ပါးသီလခံယူဆောက်တည်တော်မူကာ ဆရာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး သန်းဇော်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် ကျောက်မျက်စခန်းရုံး ဒုတိယအထွေထွေ မန်နေဂျာဦးထွန်းဝေတို့က ကထိန်လျာသင်္ဃန်းများကို ဆရာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်ပြီး ခန္တီးမြို့နယ်အတွင်းရှိ ပင့်သံဃာ(၃၄)ပါးအား သက်ဆိုင်ရာဌာနများက မိမိတို့၏ပဒေသာပင်များကို အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြရာ ဒုတိယအကြိမ်မြောက် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်တွင် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၅၁) သိန်းကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)