စဉ့်ကိုင်မြို့နယ်၌(၁၈)ကြိမ်မြောက်၀န်ထမ်းပေါင်းစုံစုပေါင်းမဟာဘုံကထိန်ကျင်းပ

စဉ့်ကိုင် နို၀င်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်(၁၈)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းပေါင်းစုံစုပေါင်း မဟာဘုံကထိန်ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တရုတ်စုရပ်ကွက်၊  တိုက်ကျောင်းအတွင်းရှိ သဇင်ညွန်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ၀န်ထမ်းများက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မှကထိန်မရ သေးသည့်ကျောင်းတိုက်များ ကပ်လှူရခြင်းနှင့်ပတ်သက်ပြီး လျှောက်ထားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများက ကထိန်အခြံအရံ  သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊   ၀တ္တုငွေများအား ကျောင်းတိုက်(၇)တိုက်မှ   ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော် မြစည်းခုံ ကျောင်းတိုက်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးသာသနက ကထိန်သင်္ကန်းကပ်လှူရခြင်းနှင့်ပတ်သက်၍ ကထိန်နုမောဒနာတရားနာယူ ကြည်ညိုကာလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြရာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိတထု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)