ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျဉ်းမြောင်းနေသည့်အမှတ်(၂)ခရိုင်ချင်းဆက်လမ်းပိုင်းနေရာအား တိုးချဲ့ခင်းပေးသဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာတော့မည်ဖြစ်

ကျောက်ဆည် နိုဝင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျဉ်းမြောင်းနေသည့်အမှတ်(၂) ခရိုင်ချင်းဆက်လမ်းပိုင်းနေရာအား မြို့နယ်လမ်းဦးစီးဌာနမှ တိုးချဲ့ခင်းပေးသဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်လာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၂.၀၀)သန်းဖြင့် မိုင်တိုင်အမှတ် (၄၃)မိုင် (၁)ဖာလုံနှင့်(၄၆)မိုင်အတွင်းရှိ လမ်းပိုင်းအရှည်(၂)မိုင်(၇)ဖာလုံ နေရာအား မူလကတ္တရာလမ်း၏ တစ်ဖက်လျှင် (၈)ပေအကျယ်ဖြင့်  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည် ကျေးရွာချင်းဆက် လမ်းများနှင့်ဆက်သွယ်ထားသည့် လမ်းဖြစ်သောကြောင့် လုပ်ငန်းများပြီးစီးပါက ဒေသတွင်းကျေးရွာများတွင် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)