ကော့သောင်း နိုဝင်ဘာ ၉
ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့လုံးကျွတ်တန်ဆောင်မုန်းလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ကျင်းပရာ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် သာသနာ့ဗိမာန်တော်ရှေ့မှစတင်ကာ ရပ်ကွက်များအတွင်းသို့ သံဃာတော်များကြွချီအလှူခံတော်မူကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့ပေါ်နှင့် ကျေးရွာဘုန်းတော်ကြီးကျောင်း (၁၉၆)ကျောင်းမှ သံဃာတော်အပါးတစ်ထောင်ငါးရာကျော် ကြွရောက်အလှူခံတော်မူရာ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်း၊ စစ်ဗျူဟာမှူးနှင့်မိသားစုများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်ပြည်သူများက ဆွမ်းဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများ စေတနာသဒ္ဓါတရားထက်သန်စွာလောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)