သတင်းများ

ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပေးနှိုးဆော်မှု လိုက်လံဆော်ဩမှုများဆောင်ရွက်
Nov 09,2022
ပွင့်လင်းရာသီရောက်ရှိလာပါပြီဖြစ်၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညဦးပိုင်းတွင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနက(နတ်မှော်ကျေးရွာ)ချောင်းဆုံ(အရှေ့၊ အနောက်၊ တိုးချဲ့)ရပ်ကွက်တို့တွင် မီးဘေးအန္တရာယ်လုံခြုံရေး ဆော်ဩနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
သပိတ်ကျင်းခရိုင်ရဲတပ်ဖွဲ့၏ (ပထမအကြိမ်) စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှကြီးမှူး၍ (ပထမအကြိမ်)မြောက် မိသားစုမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ဇီးကျွန်းရပ်ကွက်အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ Talk Show ကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကာလိမြို့ အ.မ.က (လွိုင်ချို) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်
Nov 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉) နာရီက အခြေခံပညာမူလတန်းကျောင်း၊ လွိုင်ချိုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း Mask Campaign ဆောင်ရွက်
Nov 09,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်တွင် အမ်းတပ် နယ်စျေးရှေ့လမ်းမ၌ ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်းနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " အမျိုးသားနေ့" အကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀  နာရီက ကျင်းပသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသူ(၃၅)ဦးအား (HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေး
Nov 09,2022
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ ကျောင်းသူ(၃၅)ဦးအား ယမန်နေ့က (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။