သတင်းများ

အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် ဒေသသစ်ခွပန်းများ ယခင်နှစ်ထက်စျေးကောင်းရရှိ
Nov 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များကိုရာသီအလိုက် အဓိကစိုက်ပျိုးလျက်ရှိရာ မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သစ်ခွပန်းအမျိုးမျိုး စိုက်ပျိုးရာမှ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သစ်ခွပန်းစိုက်ပျိုးသူ တောင်သူ တစ်ဦးကပြောသည်။
ကျောက်ကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ မိခင်နှင့်ကလေးကျန်းမာရေးဌာန(MCH)တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ အချိန်က အဆိုပါဦးစီးဌာန အစည်းအဝေး ‌ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း စတုတ္ထအကြိမ်  ထိုးနှံပေး
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံခြင်းကို ယမန်နေ့က ကွင်းမြောက်ရပ်ကွက်အတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျထိုးနှံပေးသည်။
ပြည်ကြီးတံခွန်မြို့နယ် (၂၁)ကြိမ်မြောက် ပညာရေးမိသားစု စုပေါင်းမဟာဘုံကထိန် ရေစက်ချ လှူဒါန်း
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပညာရေးမိသားစု၏ (၂၁) ကြိမ်မြောက် စုပေါင်း၍ ကထိန်ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပညာရေး မှူးရုံးခန်းမ၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်
Nov 09,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်သားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။