လိပ်သိုမြို့တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်

လိပ်သို နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်မြင်သံကြား ကျွမ်းကျင်-၃၊ စောဝေါ်ကွောထူးက ဟောပြောရာတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် လူတိုင်းတတ်နိုင်သည့် နည်းလမ်း(၅)ခုအကြောင်း၊ ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းရန် လူသားများ ပြုလုပ်သင့်သော အချက်များ၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ သစ်ပင်တွေဟာ လူသားများအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ကြောင်း၊ သစ်ပင်တွေဟာ နည်းလမ်းမျိုးစုံနဲ့ရေကို ထိန်းသိမ်းပေးကြောင်း၊ သစ်တောတွေဟာ ကမ္ဘာမြေရဲ့ အဆုပ်ဖြစ်ကြောင်း စသည့်သစ်ပင် သစ်တောများ၏ အရေးပါပုံများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဒေသတွင်း သတင်းဓာတ်ပုံများ၊ ကြော်ငြာများကို ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

စောဝေါ်ကွောထူး