ငွေဆောင်မြို့တွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားနှင့် နည်းပညာပေးသင်တန်းပို့ချ

ငွေဆောင် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က သလပ်ခွာကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့များပေးအပ်ကာ နည်းပညာပေးသင်တန်းပို့ချမှု အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စုနှင့် ငကွကျေးရွာမှ တောင်သူ ၉၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးဝင်းစိုးမှ ဆောင်းသီးနှံနေကြာ စိုက်ပျိုးခြင်းနှင့်ပက်သက်၍ လည်းကောင်း၊ ကန်ထရိုက်လယ်ယာစနစ်နှင့် ပက်သက်၍ လည်းကောင်း တောင်သူများအား ပညာပေး ဆွေးနွေးခဲ့သည်။ ငွေဆောင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးလှိုင်မျိုးသန့်မှလည်း ဆောင်းသီးနှံနေကြာ စိုက်ပျိုးခြင်းနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ထို့နောက် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

လင်းကျော်