ရွှေသောင်ယံ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် နှစ်စဉ် မျှင်ကျော့ပိုက်လုပ်ငန်းများဖြင့် မျှင်ငပိများ ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုနှစ် သီတင်းကျွတ် လဆန်းလောက်မှစတင်၍ မျှင်ကျော့စက်လှေသမားများမှာ ပင်လယ်ပြင်တွင် မျှင်အုပ်များ ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ မျှင်ကျော့ပိုက်လုပ်ငန်းရှင်များမှာ တစ်ရက်လျှင် ဆယ်တင်း၊ ဆယ့်ငါးတင်း၊ တင်းနှစ်ဆယ် စသည်ဖြင့် ရရှိကြပြီး ရရှိလာသော မျှင်ကောင်များအား နေလှမ်းကာကြိတ်စက်ဖြင့် မျှင်ငါးပိပြုလုပ်၍ ငါးပိကုန်သည်များဆီ သော်လည်းကောင်း၊ စားသုံးသူများထံ တိုက်ရိုက်သော်လည်းကောင်း ရောင်းချခြင်းများ ပြုလုပ်ကြသည်။
ရွှေသောင်ယံကမ်းခြေတွင် မျှင်ငပိတစ်ပိဿာလျှင် (၈၅၀၀ ၊၉၀၀၀) ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)