သတင်းများ

ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု တောင်သူများအား ဆောင်းသီးနှံချေးငွေများ ထုတ်ချေးပေး
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီက ထုတ်ချေးပေးလျက်ရှိ‌ကြောင်း သိရသည်။
အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကံကြီးဘအေးကျေးရွာ၌ ပေါ်ဆန်းရင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ဆောင်ရွက်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကံကြီးဘအေးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာမှ Rs to Cs စီးပွားဖြစ်မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်စိုက်ခင်း ပေါ်ဆန်းရင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို တောင်သူ ဦးထွန်းနိုင်ဝင်း၏ လယ်မြေ၊ ကွင်းအမှတ်(၉၁၁) ဘအေးကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၀/၂ ၊ စိုက်ဧက ၈ ဧကတွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် အသိပညာ ဗဟုသုတ တိုးတက်စေရန် အသိပညာပေး Talk Show ကျင်းပ
Nov 10,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ‌ပြည်သူများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ "ပုံပြင်နှင့်ဘာသာစကားဖွံ့ဖြိုး" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပဆောင်ရွက်မှုကို ယနေ့နေ့လယ် ၁နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ဝိုင်းကျင်းပ
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တစ်ပိုင်တစ်နိုင် ဝါးနှီး၊ ကြိမ်နှီးအသုံးပြု၍ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ရိုးရာအသုံးအဆောင်ဖြစ်သော တစ်ပိုင်တစ်နိုင် ဝါး၊ ကြိမ်နှီးအသုံးပြု၍ ဖျာ၊ ပလိုင်းအမျိုးမျိုး၊ တောင်းအမျိုးမျိုးနှင့် ဆန်ကောများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေများရရှိလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံအထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်
Nov 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။