ပေါင်းတည် နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးအေးဆင့်က အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းနေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်အမြဲသတိရစေရန် ရည်ရွယ်ချက်ဖြင့်် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာနေမျိုးရေးသားထားသည့် "ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ" ရသစာတမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက "ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ"စာအုပ်ပါ ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ၊ ဘုန်းကြီးကျောင်းသား၊ ကြောင်စသည့် ရသစာတမ်းများပါအကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြသည်။ထို့နောက် ခင်းကျင်းပြသထားသည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)