သတင်းများ

တာမွေမြို့နယ်တွင် တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအား ဒုတိယမြို့တော်ဝန် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 10,2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီသည် ယနေ့ နံနက်ပိုင်းအချိန်က သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ တာမွေမြို့နယ် ကျောက် မြောင်းကြီးရပ်ကွက် အောင်မင်္ဂလာလမ်းတွင် ၂၀၂၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ မနက်ပိုင်းအချိန်က တိုက် အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိအညာပေး Talk Show ကျင်းပ
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်
Nov 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ငဖဲမြို့နယ် ရုံးရှေ့မြေစိုက်ဘုတ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ
Nov 10,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ လစဉ်ပုံမှန် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေး
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအနေဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေ တိုးပွားလာစေရေးတို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ သုတ၊ ရသစာပေများကို အခမဲ့ငှားရမ်းပေးသည်။
လှိုင်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်ပေး
Nov 10,2022
လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းနှင့်စွမ်းဆောင်ရည်ပြည့်ဝစေရန် အခြေခံပညာကျောင်းများတွင် ရှေးဦးပြုစုခြင်းတတ်မြောက်မှုများမှတစ်ဆင့် ကျောင်းအတွင်းရှေးဦးပြုစုခြင်းအတတ်ပညာများ ပြန့်ပွားလာနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ လှိုင်မြို့နယ်အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၆)၌နိုဝင်ဘာ(၈)ရက်နေ့မှ နိုဝင်ဘာ(၁၀)ရက်နေ့ထိ (၃)ရက်ကြာသင်ကြားဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၁)ရပ်ကွက်၊ ဝမ်ကတ်ကျေးရွာ၊ ကွင်းအမှတ်(၄၂)ရှိ တောင်သူဦးယောရှဲန်၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်
Nov 10,2022
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲအခမ်းအနားကိုယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။