ချမ်းမြသာစည် နို၀င်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ "ပုံပြင်နှင့်ဘာသာစကားဖွံ့ဖြိုး" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပဆောင်ရွက်မှုကို ယနေ့နေ့လယ် ၁နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးပွဲတွင် ကလေးငယ်များကို ပုံပြင်ပြောပြပေးခြင်းအားဖြင့် ဘာသာစကားဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေကြောင်း၊ ပုံပြင်သင်ကြားသည့် နည်းလမ်းများ၊ ပုံပြင် နားထောင်ခြင်းဖြင့် အသိပညာ အလိမ္မာတိုးတက်စေပြီး ယဉ်ကျေးသိမ်မွေ့သော ကလေးငယ်များ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ စာရေးဆရာ သန်းစိုးအောင် (ပညာရေးငြိမ်း)တို့က ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)