ရေစကြိုမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရေစကြို နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မြတမာခန်းမ၌ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက အမှာစကားပြောပြီး တက်ရောက်ဆွေးနွေးကြမည့် (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ဆရာ၊ ဆရာမ (၉၉) ဦးတို့က မိမိတို့ တာဝန်ကျရာဒေသရှိ ပညာရေးနှင့်ဆိုင်သော စီမံခန့်ခွဲမှုလုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိကို (၂)ရက်ကြာ တက်‌ရောက် ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)