မိုးညှင်း နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်နှင့် ဆက်စပ် လျက်ရှိရာ ဧရာဝတီမြစ်အတွင်း၌ နေထိုင်ကျက်စားကြသည့် ငါးမျိုးစိတ်များ ဥဥသားပေါက်သည့် နေရာတစ်ခုဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရ သည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ချောင်းငယ်၊ မြစ်ငယ်များသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြပြီး ဧရာဝတီ မြစ်အတွင်း၌ ငါးမျိုးစိတ်များ မျိုးစုံနေထိုင်ကျက်စားလျက်ရှိရာ ငါးမျိုးစိတ်အများစု သည် ရေသေတွင် ဥဥသားပေါက်လေ့ရှိကြပြီး ရေကြီးရေလျှံချိန် မိုးရာသီကာလ၌ အင်းတော်ကြီးအိုင်အတွင်းသို့ ဝင်ရောက်၍ ငါးမျိုးစိတ်ပေါင်းစုံတို့က သန်းနှင့်ချီကာ ဥဥသားပေါက်လေ့ရှိကြောင်း၊ ၎င်းမြစ်အတွင်းရှိ ငါးမျိုးစိတ်များက ရွှေတောင်(ချောင်းဝ) ချောင်းမှတစ်ဆင့် အင်းတော်ကြီးအိုင်အတွင်းသို့ ဝင်ရောက်ကာ ဥဥသားပေါက်၊ မျိုးပွားကြပြီးမှ ဧရာဝတီမြစ်နှင့် အခြားမြစ်ချောင်းများသို့ ပြန်လည်ပျံ့နှံ့၍ ကျက်စား လျက်ရှိကြကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ဖြစ်၍ အရှေ့တောင်အာရှတွင် တတိယ အကြီးဆုံး အိုင်ဖြစ်ပြီး နို့တိုက်သတ္တဝါမျိုးစိတ်(၃၀)ကျော်၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ မျိုးစိတ် (၈၀)ကျော်၊ ငှက်မျိုးစိတ် (၃၀၀)ကျော်နှင့် ငါးမျိုးစိတ်(၉၀)ကျော်တို့ နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း