သတင်းများ

ငဖဲမြို့နယ်အတွင်း ဆီထွက်သီးနှံ(ဆောင်းနေကြာ)များ စိုက်ပျိုးထားရှိမှုအောင်မြင်ဖြစ်ထွန်း
Nov 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာများ (၁၄၅)ဧကခန့် စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ ယနေ့နံနက်ပိုင်းက ပေါင်းကလေးကျေးရွာအုပ်စု ပေါင်းကလေးကျေးရွာ ကွင်းအမှတ်-၁၀၂၇၊ ဦးပိုင်အမှတ်-၁၁/ကတွင် တောင်သူ ဦးဝင်းတင် စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ ဆောင်းနေကြာစိုက်ခင်း ၂ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့ အကြို ပြိုင်ပွဲများဆောင်ရွက်
Nov 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ​ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များ အရောင်းသွက်
Nov 12,2022
မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ဝါးခမောက်များကို မိရိုးဖလာ လက်မှုလုပ်ငန်းအဖြစ် အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ကြောင်း သိရသည်။
ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်းခွဲ(နဂါးပတ်)တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ယမန်နေ့မွန်းလွဲ(၁)နာရီက လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက ဦးစီးဌာနကထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း၊ အထက(လှည်းကူး)ရှိ ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Nov 12,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလွန်ကျောင်းအမှတ်(၂၀)တို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုသည့်ပြိုင်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း(Book Club)နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 စနစ်သစ်ကျောင်းသား/သူ (၄၈)ဦး တက်ရောက်ခဲ့သည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်
Nov 12,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။