သတင်းများ

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်းနေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်းနေကြာသီးနှံသီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဂန့်ဂေါ−ဟားခါး မဟာဓာတ်အားလိုင်း တာဝန်တိုင်ပြုပြင်ရာတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
Nov 12,2022
လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြိုလဲပျက်စီးခဲ့သော ဂန့်ဂေါ−ဟားခါး မဟာဓာတ်အားလိုင်း တာဝါတိုင်ပြုပြင်ရာတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။
နည်းပညာတက္ကသိုလ်(ပင်လုံ)၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် တည်ဆောက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဖူးစားပြောင်း ဈေးကောင်းရရှိ၍ ဆောင်းသီးနှံဖူးစားပြောင်း အားထားစိုက်ပျိုး
Nov 12,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းသီးနှံ ဖူးစားပြောင်းများ စတင်စိုက်ပျိုးလုပ်ကိုင်နေကြကြောင်းသိရပြီး ယခုနှစ်တွင် ဖူးစားပြောင်းများ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
မိုင်းယောင်း၌ ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းကျန်များအကြောင်းဟောပြော
Nov 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းကျန်များအကြောင်းကို အ.ထ.က(မိုင်းယောင်း)၌ ဟောပြောခဲ့ကြောင်း သိရသည်။
အမျိုးသား​အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 12,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယ​မန်နေ့ ၁၁ နာရီအချိန်က မူလတန်းအဆင့်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်
Nov 12,2022
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မီးသတ်ဆေးဘူး ထားရှိခြင်း ရှိ/မရှိနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းတို့ကို ယမန်နေ့မွန်းလွှဲ (၃)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။