ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဝါးခယ်မ  နိုဝင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ၌ မိုးစပါးရာသီတွင် ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ မိုးစပါးရာသီတွင် ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြစိုက်ခင်းတွင် တောင်သူဦးရွှေပွား၏ လုပ်ကိုင်ခွင့်ရ ကွင်းအမှတ်(၁၀၀၃)၊ ဦးပိုင်အမှတ်(၁၇/၂)ရှိ၊ လယ်မြေဧက(၃)ဧကစံပြကွက်တွင် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာ မိုးစပါး တစ်ဧကလျှင် စပါးအမှန်အ‌ခြောက်ထွက်တင်း (၁၂၁)တင်း ထွက်ရှိကြောင်းသိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)