(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများဆောင်ရွက်

 မိုးညို  နိုဝင်ဘာ ၁၂        

(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်း က လူငယ်လူရွယ်များအနေဖြင့် နေ့ထူးနေ့မြတ်များကို မမေ့မလျော့ကြရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများ ရရှိလာပြီး စာဖတ်စွမ်းရည်များတိုးတက်လာစေရန် ပြိုင်ပွဲများကျင်းရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လူငယ်လူရွယ်များမျိုးချစ်စိတ်ဓာတ်များ အစဉ်ကိန်းအောင်းလာစေရန်၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပေးခဲ့သည်။

ဆက်လက်၍ (၁ဝ၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်  စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ရာ အထကမိုးညို၊ အလကမြို့မကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၁၁)ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဝန်ထမ်းများက ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များ ဆုချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်များကပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်မျာအား ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)