မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများ ကျင်းပပြုလုပ်

မင်္ဂလာဒုံ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် (၁၀၂)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူ(၁၂၂)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံအရာရှိ ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးရဲမြင့်အောင်နှင့် ဆရာ၊ဆရာမများပါဝင်သော တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ကျင်းပပေးခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)