မြိတ်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြိတ် နိုဝင်ဘာ ၁၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အထက(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် နံနက် နာရီ အချိန်က ကျင်းပခဲ့သည်။

ထိုအလုပ်ရုံးဆွေးနွေးပွဲသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့သူနှင့် မူလတန်းပညာ မပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ အသက်(၁၀)နှစ်မှ (၁၄)နှစ် သက်ငယ်အုပ်စုဝင် ကလေးများအား ပညာရေးအခွင့်အလမ်း ဒုတိယအကြိမ် ထပ်မံပေးခြင်းဖြင့် မူလတန်းပညာသင်ယူပြီးမြောက်သူဦးရေ တိုးတက်လာစေရန်နှင့် အလယ်တန်း၊ အထက်တန်းတို့မှ တစ်ဆင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး လူတိုင်းအတွက် ပညာရေး၏ ပန်းတိုင်များဆီသို့ ရောက်ရှိရန် မျှော်မှန်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြိတ်ခရိုင်ပညာ ရေးမှူး ဒေါ်လှလှအေးက ကျောင်းပတ် ဝန်းကျင်ကို ကလေးတွေအတွက် လုံခြုံစိတ်ချမှုရှိပြီး ပျော်ရွှင်ချမ်းမြေ့စွာ သင်ကြားနိုင်တဲ့ သင်ယူပျော် ပတ်ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျောင်းများ၊ ဝန်ထမ်း၊ လုပ်ငန်းများကို စနစ်တကျစီမံရမည်ဖြစ်ကြောင်း၊ ကျွန်မတို့ဟာ စနစ်တကျ စီမံခန့်ခွဲတဲ့အတွက်ကြောင့် နည်းပညာနှင့် လုပ်ငန်းများတိုတက် အောင်မြင် လာမည်ဖြစ်ကြောင်း လုပ်ငန်းခွင်သာယာမှ ခေတ်နဲ့အညီ ပညာရေးကို စီမံခန့်ခွဲ နိုင်မည်ဖြစ်ကြောင်း၊  ဆရာကြီး၊ ဆရာမကြီးတို့အနေနဲ့ မြိတ်မြို့၏ ပညာရေးကိုစီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ မျိုးဆက်သစ် တွေကို အမှားအမှန်သိပြီး သူတို့ဘဝကို အကောင်းဆုံး စီမံခန့်ခွဲနိုင်သူများဖြစ်အောင် ဝိုင်းဝန်းပြီးကြိုးစား ဆောင်ရွက်ပေးရမည်ကြောင်း ဆွေးနွေးခဲ့ သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြိတ်မြို့နယ်အတွင်းရှိ ထက်/လယ်/မူ ကျောင်းပေါင်း (၁၄၄)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၂ ရက်‌မှ ၁၃ ရက်နေ့အထိ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန်ထံမှ သိရ သည်။

ဟေမာန်စိုး၊ မြိတ်ခရိုင်ပြန်/ဆက်