သတင်းများ

အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ (ထက်၊ လယ်၊ မူ) ပြိုင်ပွဲ ကျင်းပပြုလုပ်
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေး ဦးစီးဌာနက ဦးစီးကျင်းပသည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ (ထက်၊ လယ်၊ မူ) ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးမှူးရုံး၌ကျင်းပသည်။
ငပု​တောမြို့၌ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အား ဒေသခံပြည်သူများကြိုဆို
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မ​တော်​ဆေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယ ဗိုလ်မှူးကြီးခွန်​ဇော် ​ဦး​ဆောင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယမန်နေ့ နံနက် ၁၀ နာရီက ငပု​တောမြို့သို့ ​ရောက်ရှိခဲ့ရာ ငပု​တောမြို့ - မြို့မ ​တံတားတွင် ​ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ပျော်ရွှင်စရာကစားပွဲများပြုလုပ်
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ်သံဃနယကဥက္ကဋ္ဌဆရာတော် ဘန္ဒန္တကုမာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော် (၆၇)နှစ်ပြည့်မွေးနေ့ အလှူတော်မင်္ဂလာကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ်သံဃနယကဥက္ကဋ္ဌ ဆရာတော် ဘန္ဒန္တကုမာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော်(၆၇)နှစ်ပြည့်မွေးနေ့အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Nov 14,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အထက(၁)မြိတ် ကုမုဒြာအဆောင်၌ ယနေ့နံနက်(၉)နာရီခွဲကကျင်းပခဲ့ရာ  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူ(၁၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများဖြင့် စာရေးဆရာမောင်သာချို ရေးသားထားသည့် “ကောင်းသောစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကံမမြို့နယ်၌ကျင်းပ
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက် ဖြေဆိုကြသည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်
Nov 14,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက အဆိုပါ ရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။