သတင်းများ

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါမဖြစ်စေရေးအတွက် Mask Campaign ဆောင်ရွက်
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ခြင်းများ ဆောင်ရွက်
Nov 14,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ခြင်းများကို ယမန်နေ့ နေ့လည် (၁;၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့်ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် မြေပဲဖေါ်ချိန်  အငှားလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိ၍ အဆင်ပြေ
Nov 14,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးဦးကာလက စိုက်ပျိုးထားသော သုံးလပင်ထောင် မြေပဲနှင့် လေးလ (ပင်ပြန့်ရောင်) မြေပဲများ ယခုကာလတွင် လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်၍  မြေပဲအငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။  
မိုင်းခုတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မြေသားရေကျော်လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ် ရေကျော်လမ်းအဖြစ်ပြုပြင်ဆောင်ရွက်
Nov 14,2022
ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နတ်မောက်မြို့နယ် န/ကျားထူး-ကြူအိုင်-န/လက်ခုပ်ပင်-န/ဂွေးချိုရွာချင်းဆက် လမ်းအရှည် ၄ မိုင် ၄ ဖာလုံ ဖောက်လုပ်ခဲ့ရာ မြေသားလမ်း အစိတ်အပိုင်းအချို့သည် ပျက်စီးနေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆောင်းသီးနှံနေကြာ ၂၃၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အောင်မြင်ဖြစ်ထွန်း
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဆောင်းသီးနှံနေကြာအား အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယခု နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ဆောင်းနေကြာသီးနှံ ၂၃၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ဆောင်းနေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကျောက်မဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယမန်နေ့ညနေက ကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်အတွက် Game ပြိုင်ပွဲများကျင်းပပေးခဲ့ကြောင်း သိရသည်။