စစ်ကိုင်း နိုဝင်ဘာ ၁၄
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက အဆိုပါ ရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ဦးစွာ ရှင်းလင်းဆွေးနွေးပေးပြီး စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီး မှူးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပတ်ဝန်ကျင်ညစ်ညမ်းမှု အခြေအနေများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ရသည့်အကြောင်းရင်းများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ထိန်းချုပ် ခြင်းနှင့် မီးခိုးမြူငွေ့ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများကို ဦးဆောင်ဆွေးနွေးပေးခဲ့ သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန် Talk Show များ ကျင်းပဆောင်ရွက်ခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျော်စွာ ပြည်သူ့စကားဝိုင်းများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်