လိပ်သို နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ခုံလုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကလေးငယ်များ အမျိုးသားအောင်ပွဲနေ့ကိုသိရှိရန်နှင့် အလေးထားတတ်လာရန်၊ ကြီးပြင်းလာသောအခါ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် စာကြည့်တိုက်တွင်ပျော်မွေ့လာပြီး စာပေဖတ်ရှုလေ့လာမှုအားကောင်းစေရန်ရည်ရွယ်၍ ယခုလို ပုံပြောပြိုင်ပွဲများ၊ ခုံလုပြိုင်ပွဲနှင့် အခြားသောကလေးငယ်များပျော်ရွှင်စေနိုင်မည့် အားကစားပြိုင်ပွဲငယ်လေးများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲများကိုပြုလုပ်ပေးပြီးနောက် ကလေးငယ်များအား အမှတ်တရဆုလက်ဆောင်များပေးအပ်ခြင်း၊ အမျိုးသားနေ့နှင့်သက်ဆိုင်သော စာအုပ်စာစောင်များ၊ ရုပ်ပြစာအုပ်များကိုဖတ်ရှုစေပြီး အိမ်သို့ယူဆောင်ငှားရမ်းလိုသူကလေးငယ်များအား ပြန်/ဆက် ဝန်ထမ်းများက စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး