မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကံမမြို့နယ်၌ကျင်းပ

ကံမ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊   ကံမမြို့နယ်၌   ၂၀၂၂-၂၀၂၃  ပညာသင်နှစ်    မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက    အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၌    ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက် ဖြေဆိုကြသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲ ဖြေဆိုရာ၌ ကျောင်းသား/ကျောင်းသူများသည် စာဖြေခန်းများအတွင်း ရေးဖြေ ဖြေဆိုကြပြီးနောက် ဘာသာရပ်အလိုက်   နှုတ်မှုစွမ်းရည်များအား ဆက်လက်ဖြေဆို  ယှဉ်ပြိုင်ကြရသည်။ ထိုသို့ ဖြေဆိုကြရာတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၌ မူလတန်းအဆင့် ၁၈ ဦး အလယ်တန်းဆင့် ၃၉ ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ မူလတန်းအဆင့် ၃၀ ဦး အလယ်တန်းဆင့် ၄၁ ဦး  စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၂၈ ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)