မြိတ် နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အထက(၁)မြိတ် ကုမုဒြာအဆောင်၌ ယနေ့နံနက်(၉)နာရီခွဲကကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူ(၁၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲ၌ “လူငယ်နှင့်အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ “မြန်မာ့လွတ်လပ်ရေးအစအမျိုးသားနေ့က” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားနေ့အောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့သည်။
ထို့အတူ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲ၌ “ထာဝရရှင်သန်အမျိုးသားရေးအားမာန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားအောင်ပွဲနေ့ဆင်နွှဲစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့သည်။
ပြိုင်ပွဲများတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၃၀)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ (၅၈)ဦး၊ မူလတန်းအဆင့်၌ ကျောင်းသား/သူ(၅၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး