ငပု​တောမြို့၌ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အား ဒေသခံပြည်သူများကြိုဆို

ငပု​တော နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မ​တော်​ဆေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယ ဗိုလ်မှူးကြီးခွန်​ဇော် ​ဦး​ဆောင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယမန်နေ့ နံနက်  ၁၀   နာရီက ငပု​တောမြို့သို့ ​ရောက်ရှိခဲ့ရာ ငပု​တောမြို့ - မြို့မ ​တံတားတွင် ​ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။  ထို​နောက် ငပု​တောမြို့  ပြည်သူ့​ဆေးရုံဝန်းအတွင်းရှိ သံဃာဆောင်တွင်  ဒေသခံပြည်သူများအား ​ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နိုဝင်ဘာလ (၁၃) ရက်​နေ့မှ (၁၄)  ရက်​နေ့ထိ (၂)ရက်ကြာ ကုသဆောင်ရွက်​ပေးမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ အ​ထွေ​ထွေရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊  အရိုးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊   မျက်စိရောဂါနှင့်သွားနှင့်ခံတွင်းရောဂါ စသည့်​ရောဂါများကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူများ၊ အကြီးစားခွဲစိတ်လူနာများ၊ မျက်စိခွဲစိတ်လူနာများကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ECG ဖြင့် နှလုံးစမ်းသပ်ခြင်း၊ ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား ပုသိမ်မြိုရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်​ကြောင်း သိရသည်။

အောင်သူ (ငပုတော)