လိပ်သို နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာမောင်သာချို ရေးသားထားသည့် “ကောင်းသောစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃ စောဝေါ်ကွောထူးက ယခုအခါ လူငယ်လူရွယ်ထုအတွင်းမှ အလွှာအသီးသီးတွင် စာပေလေ့လာဖတ်ရှုမှု အားနည်းလာသောကြောင့် လူငယ်လူရွယ်များစာပေဖတ်ရှုမှု အလေ့အထကောင်းများ ပြန်လည် ရှင်သန်လာရန်နှင့် စာကြည့်တိုက်များကို အသုံးချလာကြစေရန်၊ အားလပ်ချိန်များကို အလဟသ မဖြစ်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာအုပ်ပါအကြောင်းအရာ အချို့ကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူ စောအယ်ရှီးက စာအုပ်ပါ “ပညာပြည့်ဝနှလုံးလှ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ပါဝင်သူများက မိမိတို့ဖတ်ကြားလိုရာ စာအုပ်ပါ ခေါင်းစဉ်များဖြင့် အလှည့်ကျ ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဝေါ်ကွောထူး(ရုပ်/သံ-၃)