အိမ်မဲ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေး ဦးစီးဌာနက ဦးစီးကျင်းပသည့် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ (ထက်၊ လယ်၊ မူ) ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးမှူးရုံး၌ကျင်းပသည်။
ပြိုင်ပွဲများတွင် စာစီစာကုံးအနေဖြင့် “အမျိုးသားအောင်ပွဲနေ့တို့မမေ့”၊ ကဗျာပြိုင်ပွဲအနေဖြင့် “အမျိုးသားနေ့မမေ့မြဲအစဉ်” ခေါင်းစဉ်များနှင့် မြို့နယ်ပညာရေးမှူး ရုံးတွင် ကျင်းပပြီး၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ပန်းချီပြိုင်ပွဲကို အ.ထ.က (၂) ပညာ့ဗိမာန်ခန်းမတွင် “နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့တိုင်းရင်း သားအားလုံးစည်းလုံးညီညွတ်စို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ (၁၇)ရက် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား တွင်ဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဦးတည်ချက်များနှင့်အညီ မြို့နယ်အလိုက် အမျိုးသားအောင်ပွဲနေ့အကြို လှုပ်ရှားမှုများနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ ကိုကျင်းပသွားမည် ဖြစ်ကြောင်း၊ နိုဝင်ဘာ (၁၅)ရက် (၁၆)ရက်နေ့များတွင်လည်း ထုပ်ဆီးထိုးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဖူဆယ်အားကစား ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း” မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
ချစ်သက်လယ်(အိမ်မဲ)