သတင်းများ

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာနအသီးသီးမှ အလုပ်လျှောက်လွှာ ကြော်ငြာစာများပြသထားရှိ
Nov 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံး​​ရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာန အသီးသီးမှ နိုဝင်ဘာလအတွင်းခေါ်ယူသည့် အလုပ်လျှောက်လွှာကြော်ငြာစာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ပေးမှတ်တမ်းဓာတ်ပုံများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ပြသထားရာ ပြည်သူများနှင့်လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ​ကြသည်။
မိုင်းငေါ့မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်ပြပွဲကျင်းပ
Nov 14,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center) ခန်းမတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဆိုတော်နေ့ ကျင်းပနိုင်ရေးအတွက် မြို့နယ်စာရေးဆရာအသင်းမှ ဆွေးနွေးပွဲပြုလုပ်
Nov 14,2022
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲ လုပ်ခဲ့ကြောင်းသိရသည်။
စဉ့်ကူးမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်ကွမ်သဲ(အ.ထ.က)ကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ
Nov 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ(ပြန်/ဆက်၊အား/ကာ)ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းငေါ့မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်
Nov 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့သလိပ်ကြီးကျေးရွာအုပ်စုတွင် ပေါ်ဆန်းရင်ကောင်း အဆင့်အတန်း မိုးစပါးစံကွက် ရိတ်သိမ်း
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၅၆)၊ ဦးပိုင်အမှတ် (၃၃/၃)ရှိ တောင်သူ ဦးသန်းလွင်၏ လယ်မြေတွင် ပေါ်ဆန်းရင် စပါးမျိုးကွဲအားကောင်း အဆင့်အတန်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ တောင်သူ၏ လယ်မြေတွင် ပြုလုပ်ကြရာ ပေါ်ဆန်းရင်တစ်ဧကအထွက်နှုန်း (၆၀.၈၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Nov 14,2022
မန္တလေးတိုင်ဒေသကြီး သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီခွဲက မြို့နယ်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။