သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

သာစည် နိုဝင်ဘာ ၁၄

မန္တလေးတိုင်ဒေသကြီး သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီခွဲက မြို့နယ်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျောင်းတက်ရောက်နေပြီး အကြောင်းအမျိုးမျိုးဖြင့် ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးငယ်များအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆေးထိုးနှံရာတွင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ ၈ ရက်နေ့ကစတင်၍ မြို့ပေါ်ကလေးများအား မြို့နယ်ခန်းမ၌ လည်းကောင်း၊   ကျေးလက်ဒေသများ၌  ကျောင်းများကို  ဆေးထိုးစုရပ်ထား၍လည်းကောင်း ကျန်ရှိနေသော ကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးများအား ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသား/သူ ၂၄၄ ဦးနှင့် ကျောင်းပြင်ပကလေး ၈၆ ဦး  ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။ Pfizer   ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်လုံးလျင် ကလေး ၁၀ ဦးထိုးနှံပေးကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သွားရောက် ကြည့်ရှုအားပေးပြီး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)