ဖျာပုံ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၅၆)၊ ဦးပိုင်အမှတ် (၃၃/၃)ရှိ တောင်သူ ဦးသန်းလွင်၏ လယ်မြေတွင် ပေါ်ဆန်းရင် စပါးမျိုးကွဲအားကောင်း အဆင့်အတန်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ တောင်သူ၏ လယ်မြေတွင် ပြုလုပ်ကြရာ ပေါ်ဆန်းရင်တစ်ဧကအထွက်နှုန်း (၆၀.၈၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ်ဆန်းရင်ကောင်းအဆင့်အတန်း မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ ဖျာပုံခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်မှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးသောင်းနိုင်ဦး၊ မြို့နယ်ဦးစီး ဌာနမှူး ဦးစိုးမိုးအောင်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သလိပ်ကြီးကျေးရွာ၊ ကျေးရွာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များနှင့် ဒေသခံတောင်သူများပါဝင်သော အဖွဲ့မှ သလိပ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၅၆)၊ ဦးပိုင်အမှတ် (၃၃/၃)ရှိ တောင်သူ ဦးသန်းလွင်၏ လယ်မြေတွင်ပေါ်ဆန်းရင် စပါးမျိုးကွဲအားကောင်းအဆင့် အတန်းမိုးစပါး စံကွက်ရိတ်သိမ်းကြရာ တစ်ဧကလျှင် စပါးအထွက်နှုန်း(၆၀.၈၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)