ညောင်လေးပင် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲ လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်) က စာဆိုတော်နေ့ ကျင်းပမည့် အစီအစဉ်များအား ဆွေးနွေးပြောကြားသွားခဲ့သည်။
ထို့နောက်တတ်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ သိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်