ချောင်းဆုံမြို့နယ်ကွမ်သဲ(အ.ထ.က)ကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ

ချောင်းဆုံ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ(ပြန်/ဆက်၊အား/ကာ)ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးကျော်ကျော်အောင်က အမျိုးသားနေ့ စတင်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများကိုလည်းကောင်း၊၊ (အား/ကာ) ဌာနမှ (ကြီး/ရေး) ဒေါ်သီသီအေးကဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို လည်းကောင်း၊ ဟောပြောခဲ့သည်။

ထို့နောက်(အား/ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် လက်ကမ်းစာစောင်များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျောင်းသား/သူများအား အဆိုပါအဖွဲ့မှ မေးခွန်းအမေး/ ဖြေများ မေးမြန်းခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းသား/သူ(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)