ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာနအသီးသီးမှ အလုပ်လျှောက်လွှာ ကြော်ငြာစာများပြသထားရှိ

ပေါက်တော  နိုဝင်ဘာ   ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး​​ရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာန အသီးသီးမှ နိုဝင်ဘာလအတွင်းခေါ်ယူသည့် အလုပ်လျှောက်လွှာကြော်ငြာစာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ပေးမှတ်တမ်းဓာတ်ပုံများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ပြသထားရာ ပြည်သူများနှင့်လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ​ကြသည်။

ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ဦးစီးဌာနအသီးသီးမှ အလုပ်လျှောက်လွှာများ ကြော်ငြာခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အသိပညာပေး (Talk Show) အစီအစဉ်များ ရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျား စာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)