သတင်းများ

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလျော့နည်းပပျောက်စေရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူပါဝင်ဖို့လို
Nov 15,2022
ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ငါးသိုင်းချောင်းမြို့ အ.မ.က ရွှေဘိုတန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲနှင့် နယ်လှည့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.မ.က ရွှေဘိုတန်းကျောင်း၌ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ပြီး ဗဟုသုတပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် (၉)နာရီမှစတင်၍ မြောင်းမြမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ဌာနများကို ညွှန်ကြားထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Nov 15,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိူသားအောင်ပွဲနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် ဝန်ထမ်းများ သွားရောက်၍ ကျောင်းသူ/သားများအား ဖြန့်ဝေပေးခဲ့သည်။
ခန္တီးမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာ(ကာလတို) သင်တန်းဖွင့်လှစ်
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၏ အစည်းအဝေးခန်းမတွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း နည်းပညာ (ကာလတို) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားထုတ်ဝေထားသည့်”လူ​ကြီးတွေက စပြင်ပါစာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။