မိုင်းငေါ့မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်ပြပွဲကျင်းပ

မိုင်းငေါ့   နိုဝင်ဘာ  ၁၄   

ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Center) ခန်းမတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

စာအုပ်စာ‌စောင်ပြပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် က အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရစေရန်နှင့် စာပေကိုချစ်မြတ်နိုး တန်ဖိုးထား တတ်စေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန်စသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအားရှင်း လင်းပြောကြား၍ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များဖြင့် စာအုပ်ပြပွဲကို ကျင်းပရာ အ.မ.က တာလုံကျောင်းမှ ကျောင်းသား၊ /ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်ဆက်)