လဲချားမြို့နယ် အ-ထ-က ကျောင်းတွင်  (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

လဲချား နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဆရာမ ဒေါ်မြင့်မြင့်လှိုင်က အမျိုးသားရေးစိတ်ဓါတ် စသည်တို့ကို အသေးစိတ်ရှင်းလင်း ဟောပြောပေးခဲ့ပြီး ကျောင်းသား/သူ (၂၀၀)ဦးခန့် စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)