မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်နှင့် မေဓာဝီလမ်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ်(၃၅) ယာဉ်ထိန်းတပ်စု၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာရေး အသိပညာပေးစာစောင်ပေးဝေခြင်း၊ အနှေးယာဉ်များ (လူစီးဆိုက္ကား)စက်ဘီးများကို ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်များ တပ်ဆင်ပေးခြင်း၊ လိုက်နာရမည့်နည်းလမ်းများ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိ ရသည်။
သိင်္ဂီပြည့်ဖြိုး