သတင်းများ

လက်ပံတန်းမြို၌ ဆီထွက်သီးနှံ ဆောင်းနေကြာ သီးညှပ်စိုက်ပျိုးမှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း ကွင်းဆင်းကြည့်ရှု
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ် ၊ ရပ်ကွက်ကြီး (၂) ဗြဟ္မစိုရ်ဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင
Nov 16,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၂) ဗြဟ္မစိုရ်ဓမ္မာရုံ တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပခဲ့သည်။
မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူ ၄၀၈၃၁ ဦးအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose  ဆက်လက် ထိုးနှံပေးပြီးဖြစ်
Nov 16,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါ ဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက် လက်ထိုးနှံပေးခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် လူထုစိန်ဝင်းရေးသားထားသော လူကြီးလူငယ်ကွာဟမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုလွင်ပြင်ပတ်လမ်း‌ ဆောင်ရွက်နေမှုနှင့် ညဲဆာလာဒီ ကျေးရွာအတွင်း ပန်းအာလူး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေး
Nov 16,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့သို့ရောက်ရှိပြီး ပူတာအိုမြို့နယ် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း လမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပ
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က တောင်ငူတန်းရပ်ကွက် မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံဖူဆယ် ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Nov 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Centre)ခန်းမ မြို့နယ်စာကြည့်တိုက်အတွင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။