ကျိုင်းတုံမြို့ နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျိုင်းတုံ        နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ်()ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းဘေးရှိ၊ နောင်ခမ်းကန် သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့  မွန်းလွဲ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက နောင်ခမ်းကန်အတွင်းရှိ  အမှိုက်များ၊ ကြာပင်များ၊ ဗေဒါပင်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ကန်ပတ်လည်ရှိ အမှိုက်များ၊ ခြုံနွယ်များ၊ မြက်ပင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေဝင်/ရေထွက်မြောင်းများအတွင်း ပိတ်ဆို့နေသည့် အမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်း၍ ဆောင်ရွက်ကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါနောင်ခမ်းကန်သည် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ လာရောက်လည်ပတ် ဓာတ်ပုံရိုက်လေ့ရှိပြီး ကန်အတွင်း သာသနာ့ဗိမာန်တော်နှင့် စေတီတစ်ဆူတည်ထားကာ မြို့ကျက်သရေဆောင် ကန်တစ်ကန်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)